... ်။ ဘုရားသခင်က တားမြစ်သော အပြုအမူ အလုပ်အဆောင်တို့ကို ဟာရမ်အဖြစ် သတ်မှတ်...
 

ဟာရမ် (ပါရှန်း: حَرَام‎) သည် အာရပ်ဘာသာအရ တားမြစ်သည့်အရာဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်က တားမြစ်သော အပြုအမူ အလုပ်အဆောင်တို့ကို ဟာရမ်အဖြစ် သတ်မှတ်သည်။ အစ္စလာမ္မစ်ပညတ်တော် ၅ ပါးတွင် တပါးအဝင်အပါဖြစ်ပြီး လူသားတို့၏ သက်ဝင်ယုံကြည်မှုအတွက် မှတ်ကျောက်တခုပင်တည်း။ [1]

ဟာရမ်ဖြစ်စေသော အပြုအမူအလုပ်အဆောင်ကို ဘာသာရေးစာအုပ်များ၊ ကိုရန်ကျမ်းတို့တွင် ဖော်ပြထားသည်။ ဟာရမ်ဖြစ်သည်ဟု သတ်မှတ်ထားသောအရာကို ရည်ရွယ်ချက်ကောင်းဖြင့်ဖြစ်စေ၊ စေတနာသန့်သန့်ဖြင့်ဖြစ်စေ လုပ်ဆောင်သည်ဟူ၍ သွေဖည်ခွင့်မရှိ။ [2] စီရင်ချက်နေ့တွင် ဟာရမ်သည် မြေဆွဲအားအဖြစ်ပြောင်းလဲကာ ဂျန္နက် (ငရဲ) သို့ ဆွဲချမည့်အလေးတုံး ဖြစ်လာမည် ဟူ၏။ သို့သော် ဘာသာရေးကျောင်းအလိုက် မည်သည်က ဟာရမ်ဖြစ်သည်၊ မည်သည်က မဖြစ်၊ အတိမ်အနက် ကွဲသေးသည်။ [3]

ကိုးကား

  1. Adamec, Ludwig (2009). Historical Dictionary of Islam, 2nd Edition. Lanham: Scarecrow Press, Inc. p. 102.
  2. Al-Qardawi, Yusuf (1999). The Lawful and the Prohibited in Islam. American Trust Publications. p. 26.
  3. The Palgrave Handbook of Spirituality and Business – p. 142, Professor Luk Bouckaert, Professor Laszlo Zsolnai – 2011




  Go to top  

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under "Creative Commons - Attribution - Sharealike" [1] and some of the text can also be licensed under the terms of the "GNU Free Documentation License" [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages [3] [4] [5] [6] [7]. Web links: [1] [2]