... ပြန့်သရ သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတ...
 

close-mid central unrounded vowel
ɘ
IPA Number397
Encoding
Entity (decimal)ɘ
Unicode (hex)U+0258
X-SAMPA@\
Braille⠲ (braille pattern dots-256) ⠑ (braille pattern dots-15)

အလယ်တစ်ဝက်ပိတ်အပြန့်သရ (အင်္ဂလိပ်: close-mid central unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ɘ ဟုတင်ဆက်ထားသည်။ ဤအက္ခရာသည် e ကို မှန်တွင်မြင်ရသည့်ပုံစံဖြစ်၍ ရွှား ə နှင့် မရောထွေးရန်လိုအပ်သည်။[1] ဤသင်္ကေတကို ၁၉၉၃ တွင် ထည့်သွင်းသတ်မှတ်ခဲ့ပြီး ယခင်က ဤသရသံကို လက်တင်စာလုံး e ကို အပေါ်ကအစက်နှစ်စက်ဖြင့် ရေးသားခဲ့ကြဖူးသည်။ အချို့သော ရှေးကျသည့်ရင်းမြစ်များ၌[2] ɤ̈ ဟူ၍ ဖလှယ်ရေးသားခဲ့ကြသည်။

အလယ်တစ်ဝက်အပြန့်သရကို ရည်ညွှန်းရန် ဤအက္ခရာကို အနိမ့် ဖြည့်စွက်အက္ခရာသုံး၍ ɘ̞ ဟု ရေးသားနိုင်သည်။

ဆန့်ကျင်ဘက်သဘောအားဖြင့် အမြင့် ဖြည့်စွက်အက္ခရာသုံး၍ ə̝ အဖြစ် ဖော်ပြနိုင်ကာ အလယ်တစ်ဝက်ပိတ်အပြန့်သရကို ရည်ညွှန်း၏ ။ တိတိကျကျရေးသားရမည်ဆိုလျှင် အပြန့်သဘောကိုညွှန်းဆိုသည့် ထပ်တိုးသင်္ကေတတင်၍ ə̝͑ ဟုရေးသားနိုင်သည်။

အင်္ဂါရပ်များ

  • တစ်ဝက်ပိတ်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထာအရး တစ်ဝက်သရထက် အပေါ်သို့ရောက်ရှိကာ အပိတ်နီးပါးသရ၏ အောက်ဘက်၌တည်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား

  1. Handbook of the international Phonetic Association, Cambridge University Press, p- 167
  2. For example Collins & Mees (1990).




  Go to top  

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under "Creative Commons - Attribution - Sharealike" [1] and some of the text can also be licensed under the terms of the "GNU Free Documentation License" [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages [3] [4] [5] [6] [7]. Web links: [1] [2]