... စ် မေလ ၁၄ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ Dictionary.com တွင် ပါဝင်သော အကြ...
 

Dictionary.com
ဝဘ်ဆိုဒ် အမျိုးအစား
အဘိဓာန်
ဖတ်ရှုရရှိနိုင်မှုအင်္ဂလိပ်
ပိုင်ဆိုင်သူRock Holdings
ဖန်တီးသူဘရိုင်ယန် ကာရီဂါ
ဒန်နီယယ် ဖီရေးရို
ဝဘ်ဆိုဒ်dictionary.com
စီးပွားရေးYes
လွှင့်တင်ခြင်းမေ ၁၄၊ ၁၉၉၅; ၂၆ နှစ် အကြာက (၁၉၉၅-၀၅-14)

Dictionary.comသည် အွန်လိုင်းအဘိဓာန်ဖြစ်ပြီး ၎င်း၏ ဒိုမိန်းကို ၁၉၉၅ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။[1] Dictionary.com တွင် ပါဝင်သော အကြောင်းအရာများသည် Random House Unabridged Dictionary ၏ နောက်ဆုံးထုတ်ဗားရှင်းပေါ်တွင် အခြေတည်ထားခြင်းဖြစ်သည်။[2] [3] နောက်ထပ် ထပ်ဖြည့်သောအကြောင်းအရာများမှ Collins English Dictionary၊ American Heritage Dictionary နှင့် အခြားသော အဘိဓာန်တို့မှ ယူထားခြင်းဖြစ်သည်။[4]

သမိုင်း

Dictionary.com ကို ဘရိုင်ယန် ကာရီဂါနှင့် ဒန်နီယယ် ဖီရေးရိုတို့မှ Lexico Publishing ၏ အစိတ်အပိုင်းတစ်ခုအဖြစ် Thesaurus.com နှင့် Reference.com တို့နှင့်အတူ တည်ထောင်ခဲ့ခြင်းဖြစ်သည်။[5] ထိုဝဘ်ဆိုဒ်လွှတ်တင်စဉ်အချိန်က ဤဆိုဒ်သည် ယုံကြည်ဖွယ်ရာ ကိုးကားမှုပြုနိုင်သော ဆိုဒ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။[6] ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် Lexico Publishing Group ကို Ask.com( IAC company) မှ ရယူခဲ့ပြီး[7] Dictionary.com(LLC) ကို အမည်ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။[8] ၂၀၁၈ ခုနှစ်တွင် IAC သည် Dictionary.com နှင့် Thesaurus.com တို့ကို Rock Holdings သို့ရောင်းချခဲ့သည်။[9] ရောင်းခဲ့စဉ်အချိန်က Dictionary.com သည် ဝဘ်ဆိုဒ်များအား ခြေရာခံခြင်းကို ပြုလုပ်သည့် SimilarWeb ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် လူသုံးအများဆုံးသော ဝဘ်ဆိုဒ်ဖြစ်ခဲ့သည်။[9] ၂၀၁၅ ခုနှစ်တွင် ထိုဆိုဒ်၌ စကားလုံးရှာဖွေသူ ၅.၅ ဘီလီယံခန့် အသုံးပြုခဲ့ကြသည်ဟု ခန့်မှန်းခဲ့ကြသည်။[10]

ကိုးကား

ပြင်ပလင့်များ





  Go to top  

This article is issued from web site Wikipedia. The original article may be a bit shortened or modified. Some links may have been modified. The text is licensed under "Creative Commons - Attribution - Sharealike" [1] and some of the text can also be licensed under the terms of the "GNU Free Documentation License" [2]. Additional terms may apply for the media files. By using this site, you agree to our Legal pages [3] [4] [5] [6] [7]. Web links: [1] [2]